Khit Thit သတင်းဌာန၏ မေ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ မေ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media

1 месяц назад

871,844 Просмотров

Khit Thit သတင်းဌာန၏ မေ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- မြဝတီမြို့နယ်တစ်ဝိုက်မှာ Online လုပ်ငန်းလုပ်နေတဲ့ နိုင်ငံခြားသားတွေကို ၆ လအတွင်း ထွက်သွားကြဖို့ စစ်တပ်လက်အောက်ခံ BGF တပ်က အမိန့်ပေးနေသလို ၊ ဒါဟာ ကျားဖြန့် နှိမ်နင်းရေး မဟုတ်ဘဲ ဟန်ပြသာဖြစ်တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- မွန်ပြည်နယ်၊ ရေးမြို့နယ်က ကုလားဂုတ်-ကျွန်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ရေတပ်စခန်းကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၁၀ ဦး ထက်မနည်း သေကုန်ကြ တဲ့အပြင် ဗိုလ်ကြီး ၂ ဦး ကိုပါ အရှင်ဖမ်းမိထားတယ်လို့ မစ်ရှင်မှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ တော်လှန်ရေးသတင်းတွေကို လိုက်လံစုံစမ်းပြီး အကြမ်းဖက် စစ်တပ် အတွက် အကြီးအကျယ် အလုပ်လုပ်ပေးနေတဲ့ သိန်းလွင်စိုး ဆိုသူ ဒီကနေ့မှာပဲ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးကို သေသွားသလို ၊ စစ်တပ်ကို အလောင်းလာသယ်လို့ရအောင် ဖုန်းဆက်တော့ မလာရဲဘူးလို့ပြန်ပြောပြီး နာရေးကားပဲလွှတ်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Тэги:

#Khit_Thit_Media #Myanmar #Burma #Khit_Thit #Yangon_Khit_Thit_Media #Media #Yangon_Khit_Thit #MAL #Min_Aung_Hlaing #Myanmar_Khit_Thit #PDF #People_Defense_Force #NUG #National_Union_Government #NUG_-_Myanmar #National_Union_Government_Myanmar #Aung_San_Suu_Kyi #Daw_Aung_San_Suu_Kyi
Ссылки и html тэги не поддерживаются


Комментарии: